ထန်တလန်၊   ၁၉   ဇန်နဝါရီ

 

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ် ရပ်ကွက်များတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးပြန် ရောဂါကြိုတင်ကာကွယ်ဆေးကို ဇန်နဝါရီ  ၁၉  ရက် နံနက် ၁၀ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာလောဟာခွီရှိန်းနှင့် ဝန်ထမ်းများက မြို့ပေါ်ရှိ နေအိမ်များတွင် မွေးမြူ ထားသော အိမ်မွေးခွေး အကောင် ၁၁၀ တို့အား အခမဲ့ ထိုးနှံပေးခြင်းဖြစ်ပြီး ခွေးရူးပြန် ကြိုတင် ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့၏ အိမ်မွေးခွေး များကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ခွေးရူးပြန်ရောဂါကာကွယ် ဆေးများ လာရောက် ထိုးနှံပေးနိုင်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)