ငဖဲ၊   ၁၉  ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားကွင်း တည်ဆောက်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၂ ဒသမ ၄၅ သန်းဖြင့် လပြည့်သိမ်းကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့်တည်ဆောက် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ငဖဲမြို့နယ်အားကစားကွင်းတည်ဆောက်ရေးလုပ်ငန်းများအနေဖြင့်  အလျား ၂၂၅၂ ပေ ၊ အနံ ၆ ပေရှိ အပြင်အုတ်တံတိုင်းကာရံခြင်း၊ ဘောလုံးကွင်းမြေပြုပြင်ခြင်းနှင့် ကတ်တုံးကာခြင်း၊ အလျား ပေ ၁၀ဝ၊ အနံ ၂၆ ပေ အမြင့် ၇ ပေရှိ ပွဲကြည့်စင် တည်ဆောက်ခြင်း၊ အလျား ပေ ၁၅၀ဝ ၊ အနံ ပေ ၁၀ဝ၊ အမြင့် ၆ ပေရှိ အတွင်းခြံစည်းရိုး ကာရံခြင်းနှင့် ကွင်းအတွင်း ရေရရှိရေးလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၉၂ ဒသမ ၄၅ သန်းဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှစတင်၍ ဆောက်လုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် လုပ်ငန်းအားလုံးရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ကြောင်း ငဖဲမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးမှ သိရသည်။

 

မယု(ငဖဲ)