မြိုင်၊ ၁၉ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနနှင့် စည်ပင် သာယာဈေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန (FDA) မှ တားမြစ်ထားသော အစားအသောက်များ၊ တိုင်းရင်းဆေးဝါးအတုအပများ ရောင်းချခြင်းရှိ/မရှိကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက စည်ပင်သာယာမြို့မဈေးတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
မြို့မဈေးအတွင်း စားသုံးရန်မသင့်သည့် အစားအသောက်များ ဈေးကွက်အတွင်း တရားမဝင် ဝင်ရောက်မှုဟန့်တားရေးနှင့် စားသုံးသူအန္တရာယ်ကင်းရှင်းရေးတို့အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ၊ သက်တမ်းလွန်တိုင်းရင်းဆေးဝါးများ၊ မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးအတုအပများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်း ဆေးပညာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အခြားသုံးစွဲရန် မသင့်သောတိုင်းရင်းဆေးဝါးများ ရောင်းခြင်းရှိ/မရှိကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာနနှင့် စည်ပင်သာယာဈေးကော်မတီတို့ ပူးပေါင်း၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ တားမြစ်စားသောက်ကုန်များနှင့် တိုင်းရင်းဆေးဝါးအတုအပများ ရောင်းခြင်းများတွေ့ရှိပါက စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေနည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်


