ကလေး၊  ၁၉  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဇန်နဝါရီ ၁၈ ရက်က ခုတင်-၃၀ဝ ဆံ့ ဆေးရုံကြီးသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုးသဖြင့် လာရောက်ပြသသူများအား Test Kit ဖြင့် စစ်ဆေးရာ သုံးဦး တွင် လည်းကောင်၊ အတည်ပြုလူနာများနှင့် ဆက်စပ်လျက်ရှိသူများအား ပထမအကြိမ် Test Kit ဖြင့် စစ်ဆေးရာ လေးဦးတွင် လည်းကောင်း၊ ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား Test Kit ဖြင့် စစ်ဆေးရာ သုံးဦးတွင်လည်းကောင်း စုစုပေါင်း ၁၀ ဦးတွင် ကိုဗစ်-၁၉ ရောဂါ  Positive အဖြေ ထွက်ရှိခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ အတည်ပြုလူနာများမှာ ကလေးမြို့ တာဟန်းရပ်ကွက်မှ အမျိုးသမီး နှစ်ဦး၊ အမျိုးသား တစ်ဦး၊ ညောင်ပင်သာရပ်ကွက်မှ အမျိုးသမီးတစ်ဦး၊ ချမ်းမြေ့အောင်စည်ရပ်ကွက်မှ အမျိုးသမီး နှစ်ဦး၊ ကလေး တစ်ဦး၊ တောင်ဖီလာရပ်ကွက်နေ အမျိုးသားတစ်ဦး၊ ဆိပ်ဖြူမြို့ အနောက်ပိုင်းရပ်ကွက်နေ အမျိုးသား တစ်ဦး၊ ခမ်းပတ်မြို့ အမှတ်(၁)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပြီး တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အငှားအိမ်ရာ အိတ်စွပ်ရှိ အထူးကြတ်မတ်ကုသဆောင်တို့တွင် ဆေးကုသမှုခံယူစေလျက် ရှိကြောင်း  သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း ၅၇ ဦး ကျန်ရှိနေကြောင်း  သိရသည်။

 

ထန်းဖုန်(ပြန်/ဆက်)