မောင်တော၊ ၁၉ ဇန်နဝါရီ  

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ဘူးသီးတောင်မြို့နယ် အတွင်း နယ်စပ် ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေကျပ် (၃၈၁.၀၁၄)သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ငကျဉ်တောက်-ပြင်ခေါင်-ကထိလှလမ်း(၉/၄)မိုင် လမ်းပေါ်တွင် ပြိန်းချောင်း ဘေလီတံတားပေ(၁၂၀) (၁)စင်း တည်ဆောက်ခြင်း၊ ပြိန်းချောင်းပေ (၁၂၀) ဘေလီတံတား၏ ချဉ်းကပ်လမ်းမြေထိန်းနံရံ (၂၀x ၁၅) ပေ (၉) လက်မထု (၄)ခု တည် ဆောက်ခြင်းနှင့် ငကျဉ်တောက် ပေ(၈၀)၊ တံတား ချဉ်းကပ်လမ်းနှစ်ဘက်(၄၉၇)ပေ ကွန်ကရစ် ခင်းခြင်း လုပ်ငန်းများအား ဘူးသီးတောင် မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ မြို့နယ်ကြီးကြပ်ရေးမှူး ဦးသိန်းအောင်နှင့်  တာဝန်ရှိသူများက သတ်မှတ် စံချိန်စံညွှန်း ပြည်မီပြီး သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

အဆိုပါ ဘေလီတံတား ပေ(၁၂၀) တည်ဆောက်ခြင်းလုပ်ငန်းမှာ  ၂၅ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ရာ ပြီးစီးပါက ဘူးသီးတောင်မြို့နယ်-ငကျည်တောက်-ပြင်ခေါင်-ကထီးလှ (၉/၄)မိုင် လမ်းပေါ်ရှိ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ ဒေသခံတိုင်းရင်းသား ကျေးရွာ(၁၁)ရွာ၊ အိမ်ထောင်စု(၉၉၃)စု၊ လူဦးရေ (၄၀၈၈)ဦးတို့မှာ ဘူးသီးတောင် မြို့ပေါ်သို့ အလွယ်တကူ သွားရောက်နိုင်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစည့် လှုမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)‌