ချောင်းဆုံ၊ ၁၉ ဇန်နဝါရီ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ရေရှားပါးသည့် ကျေးရွာ(၅)ရွာသို့ ရေပေးနိုင်ရေး အတွက် ရေဆို့လုံလောက်စွာရရှိရေး ရေ Level တိုင်းခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၈ ရက်က ချောင်းဆုံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းမော်နှင့် ခရိုင်၊ မြိုနယ် (ကျေး/လက်)အင်ဂျင်နီယာဝန်ထမ်းများက မုရစ်ကလေးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် ကွင်းရွာများဖြစ်ကြသည့် (ခရိုက်ဒူး၊ ရေတွင်းကုန်း၊ ခရိုက်နှီးဟု၊ သာယာကုန်း၊ ဆယ်ပလာ)ကျေးရွာတို့တွင် သောက်သုံးရေရှားပါးမှု ရေအခက်အခဲများနှစ်စဉ် ကြုံတွေ့ဖြစ်ပေါ်လျက်ရှိ ခြင်းကြောင့် အဆိုပါကျေးရွာ (၅)ရွာရှိ ပြည်သူများ ရေလုံလောက်စွာသုံးစွဲနိုင်ရန်အတွက် ရေဆို့ လုံလောက်စွာ ရရှိရေးအတွက် ရေထွက်အားကောင်းသည့် နေရာများအား ရေLevel တိုင်းတာခြင်းကို မော်လမြိုင်ခရိုင်(ကျေး/လက်)ဝန်ထမ်းနှင့် ချောင်းဆုံမြို့နယ် (ကျေး/လက်)ဝန်ထမ်းများက မုရစ်ကလေး ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း၊ ရေဆို့အားကောင်းသည့်နေရာများတွင် အဝီစိတွင်း နက်များ တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်(ကျေး/လက်) ဦးစီဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


