ကော့ကရိတ်၊   ၁၉   ဇန်နဝါရီ

ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဦးစီးဌာနက အပတ်စဉ် ကာကွယ်ဆေးများ ဆေးထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ  ၁၉  ရက် မွန်းလွဲပိုင်းက T.d မေးခိုင်ကာကွယ် ဆေးနှင့် ဆုံဆို့ကြက်ညှာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို  မိခင်နှင့် ကလေးကျန်းမာရေး ဌာန ဆေးပေးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကိုယ်ဝန်ဆောင်မိခင်များကို  မိခင်နှင့်က​လေးကျန်းမာရေးဌာနက အပတ်စဉ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည့် Td မေးခိုင်ကာကွယ်ဆေး ဆုံဆို့ကြက်ညှာကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ အရပ်တိုင်းခြင်း၊ သွေးစစ်ပေးခြင်း ကိုယ်ဝန်ဆောင်အားဆေး ပေးခြင်းနှင့် ကိုယ်ဝန်စမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်မိခင်နှင့်က​လေး​စောင့်​ရှောက်မှုကြီးကြပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်စိုး၊ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်အေးအေးနွယ် နှင့် အဖွဲ့ဝင်များက  ကိုယ်ဝန်ဆောင်မိခင်များအား လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင် ပြန်/ဆက်)