လေးမျက်နှာ၊ ၁၉ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာ ၅၇ ဦးရှိပြီဖြစ်ရာ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ပိုးတွေ့လူနာ သုံးဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်ပြီဖြစ်သဖြင့် ဆေးရုံဆင်းခွင့်ရရှိကာ ကျန်လူနာ ၁၅ ဦးလည်း ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းလူနာများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစုစုလှိုင်က ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ပြီး Stay at home နေရမည့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားကာ လူမှုကူညီရေး အသင်းတို့မှ ကားများဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)


