နေပြည်တော်၊ ၁၉ ဇန်နဝါရီ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် တန့်ယန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဝေဠုဝန်ကျောင်းခင်းရှန်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို လည်းကောင်း။

 

ထို့အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်ရှိ ဇရပ်ပေါ်၌ မသင်္ကာဖွယ် တွေ့ရှိသူ အောင်ကိုသက်၊ ဖိုးချစ်၊ ကျော်ရီတို့ ၃ ဦးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၇၀၀ နှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၄၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့နယ်၊ မဝမ်ကျေးရွာနေ တယ်ချန်(ခ)လောက်တား၏ တောင်ယာတဲသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား