ရေကြည်၊ ၂၀ ဇန်နဝါရီ
သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သောဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက် အသိပညာပေးသည့် ဗီနိုင်းပိုစတာများကို ရေကြည်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများက မြို့နယ် ငါးလုပ်ငန်းရုံးဝင်းအတွင်း၌ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆိုင်းဘုတ်တွင် အာဖရိက ငါးခူ၊ ပြည်ပငါးရံ၊ ပြည်ပမျိုးစိတ်အလှမွေး ငါး(ပီးကော့)၊ စုပ်ခွက်ငါးစသည့်ငါးမျိုးများကို သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြရန်တားမြစ်ထားသည်။
အဆိုပါ အသိပညာပေးဗီနိုင်းပိုစတာတွင် ဖော်ပြထားသည့်တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိပါက ငါးမွေးမြူရေးဆိုင်ရာ ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)


