ဝက်လက်၊  ၂၀   ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မင်းရွာကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာနနှင့် သုတေသန ဦးစီးဌာနတို့ ပူးပေါင်းကာ ဂျုံရှစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်များ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက မင်းရွာကျေးရွာ စခန်းတာဝန်ခံ ဒေါ်ဆွေဆွေဌေးနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး အောင်မြင်ဖြစ်ထွန်းမှုအခြေအနေ အချက်အလက်များ ကောက်ယူခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

 

mdn

 

ဂျုံရှစ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ကွင်းဆင်းစစ်ဆေးခြင်းနှင့်  အချက်လက်ကောက်ယူရာတွင် ဂျုံမျိုးများ၏ အပင်ဖြစ်ထွန်းမှုအခြေနေ၊ ဂျုံတစ်မျိုးခြင်းစီ၏ အပင်အမြင့် ပင်ပွားများ အခြေအနေတို့ကို စစ်တမ်းကောက်ယူ ခဲ့ပြီးနောက်  တောင်သူများအား သဘာဝပိုးသတ်ဆေးဖျော်စပ်နည်း၊ ငါးအမိုင်နို အားဆေး ဖျော်စပ်နည်းများကို အသိပညာပေး ဆွေးနွေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဖုန်းနံပါတ်များကို တောင်သူများထံ ပေးအပ်ခဲ့ကြပြီး ဆက်သွယ်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

 

စိုးစိုးလှိုင်(ဝက်လက်)