ဒလ၊   ၂၀   ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်  သမ္မတကမ်းခြေရှေ့ ရေပြင်၊ ရန်ကုန်မြစ်အတွင်း ဇန်နဝါရီ(၂၀)ရက် နံနက်(၄)နာရီက သဲစုပ်ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရသည်။

နစ်မြုပ်ခဲ့သည့် သဲစုပ်ရေယာဉ်မှာ  MV.ရတနာမင်း အမည်ရှိ သဲစုပ်ရေယာဉ်ဖြစ်ပြီး အလျား(၇၃)ပေ၊ အနံ(၂၆)ပေ၊ ရေစူး(၇)ပေရှိပြီး၊ ရန်ကုန်မြစ်သုံးဆိုင်မှ လိုင်သာယာစက်မှုဇုန်သို့ မြစ်ကြောင်းအတိုင်း မောင်းနှင်လာစဉ် မြစ်ရေကျချိန်ဖြစ်သည့်အတွက် ရေအောက်တွင် နစ်မြုပ်နေသည့် သင်္ဘောပျက်အပိုင်းအစဖြင့် ရေယာဉ်၏ ဝမ်းဗိုက်အား ထိခိုက်မိကာ ရေဝင် နစ်မြုပ်သွားခြင်း ဖြစ်ကြောင်းသိရသည်။

ရေယာဉ်နစ်မြုပ်စဉ် အနီးပတ်ဝန်းကျင်ရှိ သမ္ဗန်များမှ လာရောက်ကူညီ ကယ်ဆယ်ခဲ့သဖြင့် လူများ ထိခိုက်ဒဏ်ရာရမူများ မရှိကြောင်း နစ်မြုပ်ရေယာဉ်ပေါ်တွင် ရေယာဉ်မှူးဦးမင်းမင်း(စိစစ်ဆဲ)ပါ (၄)ဦး လိုက်ပါလာခဲ့ကြောင်းသိရသည်။

မောင်ယဉ်ဦး(ဒလ)