နေပြည်တော်၊ ၂၀ ဇန်နဝါရီ
ရမည်းသင်းမြို့နယ်၊ ရမည်းသင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၉ ရက်က မှုခင်းဖော်ထုတ်ချက်အရ ဆိုင်ကယ် ၁၆ စီးခိုးယူသူ ၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရမည်းသင်းမြို့မရဲစခန်း (ပ)၁၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ကျင့် ၅၄ အမှုမှ ကျူးလွန်သူ ပေါက်ကျိုင်း (ခ) ပေါက်ကြီး၊ ဖိုးလပြည့် (ခ) အကြီးကောင်နှင့် နိုင်နိုင်(ခ)ငဘော့တို့ ၃ ဦးအား ရမည်းသင်းမြို့မရဲစခန်းမှ ဒုရဲအုပ် အောင်လင်းထွဋ် ဦးစီးတပ်ဖွဲ့ဝင်များက စစ်ဆေးရာ ၎င်းတို့ ၃ ဦးသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရမည်းသင်းမြို့နယ်နှင့် အခြား နီးစပ်ရာမြို့နယ်များမှ ဆိုင်ကယ် ၁၆ စီးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများအား သိမ်းဆည်းပြီး ၎င်းတို့ ၃ ဦးအား ဥပဒေအညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား