ထီးလင်း၊ ၂၁ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အိမ်ထောင်စုစာရင်း ခွဲထွက်ခြင်း၊ ပျောက်ဆုံး/ ပျက်စီးခြင်းနှင့် မိတ္တူထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးနေထွန်းနှင့်ဝန်ထမ်းများက ထီးလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) မရှိသေးသည့် အိမ်ထောင်စုများ၊ အိမ်ထောင်စုစာရင်းမှ ခွဲထွက်ခြင်း၊ ပျောက်ဆုံး/ပျက်စီးခြင်းနှင့် မိတ္တူထုတ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဇန်နဝါရီ ၂၀ ရက် အထိ အိမ်ထောင်စု (၅၂) စု တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာ၌ အိမ်ထောင်စုလူဦးရေစာရင်းပါ ပုဂ္ဂိုလ်တစ်ဦးစီကို အိမ်ထောင်စု ကိုယ်စားလှယ်အဖြစ် ရွေးချယ်စေပြီး ဆောင်ရွက်ရမည်ဖြစ်သဖြင့် မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ယခုကဲ့သို့ အိမ်ထောင်စုလူဦးရေစာရင်းများကို စီမံချက်ရေးဆွဲပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် အဆိုပါလုပ်ငန်းများကို ဇန်နဝါရီလအပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။
အောင်စည်(ပြန်/ဆက်)


