ဓနုဖြူ၊  ၂၁ ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းများ သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများပြည့်စုံစွာ ဖော်ပြထာခြင်း ရှိ၊ မရှိကို ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီက ဈေးကွက်စောင့်ကြည့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး ဥပဒေရ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသည့် ကုန်ပစ္စည်းများ သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထာခြင်း ရှိ၊ မရှိကို သတ်မှတ်ထားသည့် ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသော ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)