တီးတိန် ၂၁  ဇန်နဝါရီ 


၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း ကျေးရွာ ခြောက်ရွာတွင် အမျိုးသား လျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်း (NEP) ၊ အီတလီချေးငွေ( IT-1)ဖြင့် ဆိုလာမီးလင်းရေး တပ်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

တီးတိန်မြို့သို့ ဇန်နဝါရီ ၁၈ ရက်က ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ရောက်ရှိပြီဖြစ်၍ ကျေးရွာများသို့  ပို့ဆောင်လျက်ရှိကြောင်း သိရသည်။         

 

mdn

 

ထိုသို့ဆောင်ရွက်ရာ၌   တီးတိန်မြို့နယ်အတွင်းရှိ တွီးထန်ကျေးရွာတွင် (၆၀) ဝပ် ၉၈ လုံး၊ ဆဲဇန်ကျေးရွာတွင် (၆၀) ဝပ် ၄၄) လုံးနှင့် (၁၀၀) ဝပ် ၃၆ လုံး၊ ရှာလ်တွီးကျေးရွာတွင် (၆၀) ဝပ် ၃၅ လုံးနှင့် (၁၀၀) ဝပ် ၁၂ လုံး၊ ဝက်ဘွက်ကျေးရွာတွင် (၆၀) ဝပ် ၈ လုံးနှင့် (၁၀၀) ဝပ် ၁၉ လုံး၊ ထာလ်မွာလ်ကျေးရွာတွင် (၆၀) ဝပ် ၃၅ လုံးနှင့် (၁၀၀) ဝပ် ၃၃ လုံး၊ မိုင်နွဲကျေးရွာတွင် (၆၀) ဝပ် ၂၈ လုံးနှင့် (၁၀၀) ဝပ် ၃၉ လုံး အသီးသီးတပ်ဆင်ဆောင် ရွက်သွားမည်ဖြစ်သည်။ 

ထို့အပြင် အများပြည်သူနှင့်သက်ဆိုင်သည့် ပညာရေ နှင့်     ကျန်းမာရေးနေရာများတွင်လည်း တပ်ဆင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မူလတန်းကျောင်းများဖြစ်သည့် ဆဲဇန်၊ ရှာလ်တွီး၊ ဝက်ဘွက် ကျေးရွာများတွင်တစ်လုံးစီနှင့် အလယ်တန်းကျောင်းများ    ဖြစ်သည့် ထာလ်မွာလ်(ဟ)၊ မိုင်နွဲကျေးရွာတို့တွင်လည်းကောင်း၊ ကျန်းမာရေးအဆောက်အအုံ ရှိသည့် ဆဲဇန်၊ ရှာလ်တွီး၊ ဝက်ဘွက်၊ ထာလ်မွာလ်ကျေးရွာတို့တွင်လည်းကောင်း အသီးသီး တပ်ဆင်ဆောင်ရွက်သွား   မည်ဖြစ်ကြောင်း သိရသည်။          

ဆိုလာ(၆၀)ဝပ်များနှင့် ဝပ် (၁၀၀) များအား ပြည်သူထည့်ဝင်ငွေများဖြင့် ဆိုလာမီး တပ်ဆင်ဆောင်ရွက်မည်ဖြစ်ရာ Earth Renewable Energy ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး သုံးနှစ်အာမခံဖြစ်ကြောင်း သိရသည်။


နေစု(ချင်းရိုးမ)