ကော့မှူး၊ ၂၁ ဇန်နဝါရီ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လိုက်လံနှိုးဆော် သတိပေးခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးအောင်မင်းဝေနှင့် တပ်ဖွဲ့ဝင်များက အခြေခံမီးသဘောတရားများ၊ မီးလောင်ခြင်းအမျိုးမျိုး၊ ကြိုတင် ကာကွယ်ရမည့် ပစ္စည်းများထားရှိမှု၊ လျှပ်စစ်မီးအသုံးပြုရာတွင် သတိထားဆင်ခြင်သင့်သည့် အချက်များ၊ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများထားရှိမှုနှင့် ရုံးအတွင်း မီးသတ်ဆေးဘူးများ ထားရှိရေးတို့အား အသိပညာပေး ပြောကြားခဲ့သည်။

 

ထို့နောက်မြို့သစ်ရပ်ကွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ယာယီ) ရုံးနှင့် မြို့နယ်ပညာရေးမှူး ရုံးတို့တွင် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ နှင့် အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

ကျော်သူရ (ကော့မှူး)

 

mdn