COVID-19 ကာလအတွင်း လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးအကျုံးဝင် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ငွေများအား ခွင့်ပြုထုတ်ပေးလျက်ရှိရာ COVID-19  1st Wave အတွက် ၁၃-၅-၂၀၂၀ ရက်နေ့မှ ၁၉-၁-၂၀၂၁ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန စုစုပေါင်း (၇၂၆၂) ဌာနမှ အာမခံအလုပ်သမား (၈၂၅၁၀၆) ဦးအတွက် ထောက်ပံ့ငွေ ကျပ်သန်း (၂၀,၇၆၃ ဒသမ ၈၆၆) အားလည်ကောင်း၊ COVID-19  2nd Wave အတွက် ၂-၁၀-၂၀၂၀ ရက်နေ့မှ ၁၉-၁-၂၀၂၁ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန စုစုပေါင်း (၇၀၅၁) ဌာနမှ အာမခံအလုပ်သမား (၇၀၄၆၅၂) ဦးအတွက် ထောက်ပံ့ငွေ ကျပ်သန်း (၄၄၅၇၄ ဒသမ ၈၀၁) အားလည်ကောင်း၊ Quarantine ဝင်ရောက်လျက်ရှိသည့် အာမခံအလုပ်သမား (၇၉၆) ဦး အတွက် မကျန်းမာမှုအကျိုးခံစားခွင့် (၆၀%) ခွင့်ပြုငွေ ကျပ်သန်း (၆၇ ဒသမ ၅၈၆) အားလည်းကောင်း၊ COVID-19 ကာလအတွင်း အာမခံအလုပ်သမား၊ ကိုယ်ဝန်ဆောင်မိခင် (၃၆၂၀) ဦးအတွက် မကျန်းမာမှုအကျိုးခံစားခွင့် (၆၀%) ခွင့်ပြုငွေ ကျပ်သန်း (၅၅၅ ဒသမ ၅၁၅) အားလည်းကောင်း စုစုပေါင်း (၁၅၃၄၁၇၄) ဦးအတွက် ငွေကျပ်သန်းပေါင်း (၆၅၉၆၁ ဒသမ ၇၆၈) အား ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်သည်။

 

လူမှုဖူလုံရေးအဖွဲ့

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန