မိုင်းရယ် ၊ ၂၁ ဇန်နဝါရီ
တောင်သူများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ထုတ်ပေးခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းက မိုင်းရယ်မြို့နယ်၊ ကောင်းမောင်ကျေးရွာအုပ်စုတွင် ပြုလုပ်သည်။
အခမ်းအနားတွင် မိုင်းရယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မြင့်နိုင်က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ ထုတ်ပေးရခြင်းအား ရှင်းလင်း ပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် တာဝန်ရှိသူများက ကောင်းမောင်ကျေးရွာအုပ်စုအတွင်း ဦးပိုင် ၂၃ ခုရှိ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)များအား တောင်သူတစ်ဦးချင်းစီ ပေးအပ်ခဲ့ကြောင်းသိရသည်။
မိုင်းရယ်(ပြန်/ဆက်)


