မုဒုံ၊ ၂၁ ဇန်နဝါရီ
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဖွင့်လှစ်သည့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်းကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ် တော်ကူးကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါက်တာ နန်းကြူကြူအောင်က ကျွဲ၊ နွား တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် မွေးမြူရေးလုပ်ငန်းရှင် ၂၀ တက်ရောက်ကြပြီး (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


