နေပြည်တော်၊  ၂၁  ဇန်နဝါရီ 

 

သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ်(၇)ကို ဇန်နဝါရီ (၂၂)ရက်၊ ညနေပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ်လွှင့်မည်ဖြစ်သည်။

 

အဆိုပါ ပွဲစဉ်(၇)၏ COVID-19ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို သရုပ်ဆောင် ကျော်ကျော်နှင့် ဆုမြတ်နိုးဦးတို့က  တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

အဆိုပါမိသားစုပြိုင်ပွဲများကို ဇန်နဝါရီ ၂၂၊ ၂၃ နှင့် ၂၄ ရက်များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညနေ(၆)နာရီသတင်းအပြီးနှင့် MRTV Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)