ထန်းတပင်၊ ၂၂  ဇန်နဝါရီ

 

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

 

ကွင်းဆင်းရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်း၊ မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်နှင့် ဝန်ထမ်းများက ဝါးတစ်ရာကျေးရွာရှိ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု၊ ပက်အင်းလေးကျေးရွာရှိ ကုန်ထုတ်တံတား တည်ဆောက်နေမှု၊ ဝါးတစ်ရာကျေးရွာနှင့် စန္ဒယော်ကျေးရွာတို့တွင် ရေသန့်စနစ် ဆောင်ရွက်နေမှု၊ ကျည်စုကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတား တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

သျှားညီ

 

mdn