စစ်ကိုင်း၊ ၂၂ ဇန်နဝါရီ

 

စစ်ကိုင်းမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း) တည်ဆောက်ရန် မြေနေရာလှူဒါန်းပွဲကို ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီက မြို့တော်ခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက အစိုးရစက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း) မြေနေရာ ပြောင်းရွှေ့သတ်မှတ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင် ဦးတင်မောင် ဂရိတ်ဝေါလ်ဂရု(ပ်) ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌက   မြေလှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်၊

 

ယင်းနောက် အလှူရှင် ဦးတင်မောင်က မြေ ၁၂ ဒသမ ၃၉ ဧက၊ အလှူရှင် ဦးခင်မောင်ထွေး(စစ်ကိုင်း)က ဝ ဒသမ ၆၄ ဧက၊ အလှူရှင် ဦးစိုင်းညွန့်မောင်(စစ်ကိုင်း)က ဝ ဒသမ ၉ ဧက၊ အလှူရှင် ဦးအောင်ဝင်း(စစ်ကိုင်း)က ဝ ဒသမ ၉၂ ဧက စုစုပေါင်း ၁၄ ဒသမ ၄၄ ဧကကို အစိုးရစက်မှုလက်မှု သိပ္ပံ(စစ်ကိုင်း) တည်ဆောက်ရန် မြေယာနှင့်ပတ်သက်သည့် စာချုပ်များအား ပေးအပ်ကြရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။                                                       

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလှူရှင်များ လှူဒါန်းသည့် မြေနေရာအား သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။

 

မျိုးဝင်း(ပြန်/ဆက်)