ပွင့်ဖြူ၊  ၂၃  ဇန်နဝါရီ 

 

လည်ဆစ်ရိုးကျီးပေါင်းရောဂါအကြောင်း အသိပညာပေး ဆွေးနွေးဟောပြောခြင်းနှင့် အခမဲ့ဆေးဝါးကုသခြင်းကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနရုံး၌ ပြလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စောပြည့်မွန် က လည်ဆစ်ရိုးကျီးပေါင်းရောဂါဖြစ်ပွားရခြင်း၏ အကြောင်းအရင်းနှင့် ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်များ၊ ဆီးချို၊ သွေးချို၊ လေးဘက်နာရောဂါ လေဖြတ်လေငန်းရောဂါနှင့် အဆစ်အမြစ်ကိုက်ခဲခြင်း ဝေဒနာများနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရန်အချက်များကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများကို လည်ဆစ်ရိုးကျီးပေါင်းရောဂါရှိ မရှိနှင့် အခြားသော ကျန်းမာရေးဝေဒနာခံစားရမှု ရှိ မရှိတို့ကို စမ်းသပ်စစ်ဆေးပြီး အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ပြန်/ဆက်)