(၂၅-၁-၂၀၂၁ ရက်၊ ဆိုးလ်မြို့)

 

COVID-19 ကူးစက်ရောဂါကာလအတွင်း၌ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၁၂) ဦးအတွက် Myanmar Seafarer Employment Services Federation (MSESF) ၏ စီစဉ်မှုဖြင့် ၂၅-၁-၂၀၂၁ ရက်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဖြင့် အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။

 

အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၇:၄၂ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာသင်္ဘောသား (၅၅) ဦး၊ ဟောင်ကောင်မှ (၄) ဦး၊ တူရကီမှ (၁) ဦး၊ စပိန်မှ (၁) ဦး၊ ဖိလစ်ပိုင်မှ (၂) ဦး၊ ဘရာဇီးလ်မှ (၇) ဦး၊ စင်ကာပူမှ (၃) ဦး၊ အီဂျစ်မှ (၄) ဦး၊ ဗီယက်နမ်မှ (၁) ဦး၊ မလေးရှားမှ (၂) ဦး၊ ကနေဒါမှ (၁) ဦး၊ ထိုင်းမှ (၁) ဦး၊ ပါကစ္စတန်မှ (၁) ဦးနှင့် အင်ဒိုနီးရှားမှ (၂၉) ဦးတို့ လိုက်ပါသွားခဲ့ကြပါသည်။ လိုက်ပါမည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာမရှိစေရေး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

 

Crd>Ministry of Foreign Affairs Myanmar