ကောလင်း၊   ၂၆    ဇန်နဝါရီ

 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ ကောလင်းမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ဇန်နဝါရီ ၂၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့လှူဒါန်းရာတွင် PPEဝတ်စုံ အထည် ၁၀ဝ၊ Surgical Gown အထည် ၁၀ဝ၊ ခေါင်းစွပ် အခု ၁၀ဝ ပါ ၂ ဘူး၊ Face Shield အခု ၅၀ဝ၊ လက်အိတ် အခု ၁၀ဝ ပါ ၁၅ဘူး၊ ရော်ဘာလက်အိတ် အစုံ ၅၀၊ ပလတ်စတစ် apron အခု ၁၀ဝ ပါ ၅ထုပ်၊ ရေမလိုလက်သန့်ဆေးရည် မီလီ ၅၀ပါ ဘူး ၂၀၊ Family care လက်ဆေးဆပ်ပြာရည် မီလီ ၅၀ ပါ ဘူး ၂၀၊ ကလိုရင်းပိုးသတ်ဆေး ၁၈ လီတာ ၅ဘူး၊ အရက်ပျံ မီလီ ၅၀ဝ ဘူး ၂၀၊ ဘောလ်ပင် အချောင်း ၁၀ဝ၊ Boot (လည်ရှည်ဖိနပ်အမဲ) အရန် ၂၀၊ Goggle မျက်မှန် ၂၀ လက် စသည့် အထောက်အကူပြုပစ္စည်းများအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများကိုယ်စား ကောလင်းမြို့   အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းနှင့် မြို့နယ် အလုပ်မှုဆောင်များမှ လှူဒါန်းခဲ့ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)