ငပုတော ၊ ၂၆ ဇန်နဝါရီ
သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက်များကို ငပုတောမြို့နယ်အတွင်းမှ ပြည်သူများသိရှိနိုင်စေရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းခိုင်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ငါးလုပ်ရုံးဝန်းနှင့် ရုံးရှေ့တို့၌ အသိပညာပေး ဗီနိုင်းပိုစတာများ စိုက်ထူခဲ့ကြသည်။
အဆိုပါ အသိပညာပေးပိုစတာတွင် အာဖရိကငါးခူ၊ ပြည်ပငါးရံ့၊ ပြည်ပမျိုးစိတ် အလှမွေးငါး(ပီးကော့)၊ စုပ်ခွက်ငါး (သို့မဟုတ်) လေယာဉ်ပျံငါးများကို ပြည်ပမှပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌ သားဖောက် ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝမြစ်ချောင်း၊ အင်း၊အိုင်များသို့ လွှတ်ခြင်းစသည်တို့ကို မပြုလုပ်ကြရန် သတိပေး တားမြစ်ထားပြီး တားမြစ်ချက်များကို ဖောက်ဖျက်လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေအရ အရေးယူခံရမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်နိုင်ကြစေရန် တိုက်တွန်းနှိုးဆော်ဖော်ပြထားသည်။
လှမင်းထွဋ်(ပြန်/ဆက်)


