ဖောင်းပြင် ၊ ၂၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ဆွတ်နန်းကျေးရွာနယ်နိမိတ်တွင် တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေ ကျပ် (၈၅ ဒသမ ၈) သန်းဖြင့် လယ်ယာမြေဧက ၁၀၀ ဖော်ထုတ်ပေးကာ လယ်မဲ့ယာမဲ့များအား ခွဲ ဝေပေးသွား မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့လယ်ယာမြေများ ဖော်ထုတ်နိုင်ရေးအတွက် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၊ အမှတ်(၂)တိုင်းဒေသကြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးဝင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီစောနှင့် ကသာခရိုင်၊ စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖောင်းပြင် မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာဝန်ယူ ဆောင်ရွက်မည့် ကုမ္ပဏီ ကတာဝန်ရှိသူများက လယ်ယာမြေဖော် ထုတ်ပေးမည့်မြေနေရာ သတ်မှတ်တိုင်းတာခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ လယ်ယာမြေများဖော်ထုတ်ခြင်းကို ချင်းတွင်းရတနာကုမ္ပဏီက တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပြီး ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လယ် ယာမြေများဖော်ထုတ်ပြီးပါက လယ်မဲ့ယာမဲ့ တောင်သူတစ်ဦးလျင် ၂ဧကနှုန်းဖြင့် ခွဲဝေပေးသွားမည်ဖြစ် ကြောင်း အမှတ်(၂) တိုင်းဒေသကြီးရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဦးစိုးစိုးဝင်း၏ ပြောကြားချက်အရသိရသည်။
မြင့်ထွန်း(ဖောင်းပြင်)


