ဝါးခယ်မ၊ ၂၆ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များအား ခွေးရူးရောဂါကာကွယ်ဆေးနှင့် အခြားသော ကာကွယ်ဆေးများ ထိုးနှံသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းမှစကာ ခွေးရူးရောဂါ ကာကွယ်ဆေးများအား ပြည်သူများ၏ အိမ်တိုင်ရာရောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တိရစ္ဆာန်များမှ တစ်ဆင့် လူသို့ကူးစက်နိုင်သော ရောဂါများအနက်မှ ခွေးရူးရောဂါသည် ကြိုတင်ကာကွယ်နိုင်သော ကာကွယ်ဆေးရှိသည့်အလျောက် ယခုလို ကာကွယ်ဆေးများ လိုက်လံ ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ခွေးရူးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို ယခုအခါတွင် မြို့ပေါ် ရပ်ကွက်များနှင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ၏ အိမ်မွေး တိရစ္ဆာန် ခွေးအကောင်ရေ ၅၀ အား အိမ်တိုင်ရာရောက် အခမဲ့ ထိုးနှံပေးခဲ့ကြောင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်နန်း ထံမှ သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


