ရှမ်းရွာသစ် ၊ ၂၆ ဇန်နဝါရီ
ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်ပြီး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ခွင့်ပြု ရန်ပုံငွေဖြင့် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တရီဖိုးခွီး-စောဖိုးခီး ကျေးရွာချင်းဆက် မြေသားလမ်း (၃)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၁၀ ဒသမ ၂၀ဝ သန်းဖြင့် ဆောင်ရွက် လျက်ရှိပြီး တရီဖိုးခွီး-စောဖိုးခီးကျေးရွာချင်းဆက် မြေသားလမ်း(၃)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို စိုးပါဝါနိုင်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ရှိကြောင်း ယခုအချိန်တွင် ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း အဆိုပါလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ယခင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝေဠု(ပြန်/ဆက်)


