တပ်ကုန်း ၊  ၂၆  ဇန်နဝါရီ         

 

နေပြည်တော် တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ ဦးနု+ဒေါ်ကျင်နု (NNN)မိသားစုမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းသို့ စုပေါင်ပါဝင် လှူဒါန်းနိုင်ရန် အတွက် ငွေကျပ်သိန်း(၁၀ဝ)အား မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ကော်မတီကို ဇန်နဝါရီ ၂၅ ရက်မွန်းလွဲ ၃နာရီခွဲက ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အဆိုပါ အလှူရှင်အိမ်တွင် ပေးအပ်လှူဒါန်းခဲ့သည်။

 

အဆိုပါ လှူဒါန်းငွေ ကျပ်သိန်း(၁၀ဝ)အား တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့မိမြို့ဖများဖြစ်ကြသည့် ဒေါက်တာခင်မောင်ထွန်း၊ ဦးလှရွှေ၊ ဦးတင်ဝင်းတိုး၊ ဦးမောင်သိန်း ၊ဦးလှသန်းနှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြု ကော်မတီ အဖွဲ့မှ လက်ခံရယူခဲ့သည်။

 

တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေစာရင်းသို့ စုပေါင်းပါဝင် လှူဒါန်းနိုင်ရန်အတွက် ဇန်နဝါရီ ၂၀ ရက်နေ့က အလှူခံဌာန စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့လှူဒါန်းငွေ အပါဝင် စုစုပေါင်းငွေကျပ်(၁၆၆)သိန်းနှင့် ဒေါ်လာ(၁၀ဝ၀)ရရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြုကော်မတီထံမှ သိရသည်။

 

တင်စိုးလွင်(ပြန်ဆက်)