၂၆ ဇန်နဝါရီ
အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း ကာလီမင်တန် ပြည်နယ်တွင် ကျောက်မီးသွေးတွင်းတစ်ခု မြေပြိုကျမှု ဖြစ်ပေါ်ခဲ့ရာ မိုင်းလုပ်သား ၁၀ ဉီး ပိတ်မိနေကြောင်း ဘေးအန္တရာယ်ဌာနမှ အကြီးတန်း အရာရှိတစ်ဉီးက ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့ညမှ မြေပြိုမှု စတင်ဖြစ်ပွားခဲ့ပြီး တနင်္လာနေ့ မွန်းလွဲပိုင်းအထိ မြေအောက်တွင် မြေပြိုမှုများကြောင့် ရွံ့နွံများ စီးဝင်ခဲ့ပြီး မိုင်းတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု အကြီးတန်း အရာရှိတစ်ဉီးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အဆိုပါ မတော်တဆမှု ဖြစ်ပွားချိန်တွင် လူပေါင်း ၂၂ ဉီးရှိနေခဲ့ပြီး ၁၂ ဉီးမှာ လွှတ်မြောက်ခဲ့သော်လည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အကြီးတန်း အရာရှိ တစ်ဉီးက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်
