ရှားတော၊   ၂၆   ဇန်နဝါရီ

 

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးဆိုင်ရာ နှင်းခူရောဂါပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ဇန်နဝါရီ  ၂၅  ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းအောင်က တိုင်းရင်းဆေးဆိုင်ရာ နှင်းခူရောဂါနှင့် အကြောင်းအရာများ၊ ဖြစ်ပွားရသည့် အကြောင်းရင်းများ၊ ကြိုတင် ကာကွယ်ရမည့်နည်းလမ်းများ စသည့် နှင်းခူနာရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်တိုင်းရင်းဆေးကုဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နော်ဆိုးဆိုးက မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

ထွန်းအောင်(ပြန်/ဆက်)