ရိခေါ်ဒါရ်၊ ၂၆  ဇန်နဝါရီ  

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံ၌ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြုထားသူ ငါးဦးအား ကျန်းမာရေး ကောင်းမွန်သဖြင့် ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်သည်။

 

ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုထားသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့အား ရိခေါ်ဒါရ်မြို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးရုံဆင်း လက်မှတ်များ ပေးအပ်ပြီး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

 

ရိခေါ်ဒါရ်မြို့၌ ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိလူနာ မရှိတော့ကြောင်း သိရသည်။

 

လာလ်ပက်လောမ်(ပက်ကာ)