(၂၆-၁-၂၀၂၁ ရက်၊ ဆိုးလ်)
၁။ COVID-19 ကူးစက်ရောဂါကာလအတွင်းမြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ၂၆-၁-၂၀၂၁ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် (၄၁) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲ ပေးခဲ့သည်။
၂။ အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၅၀ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယား နိုင်ငံမှ (၆၇)ဦး၊ ဘရာဇီးလ်မှ (၁) ဦး၊ ဂျာမနီမှ (၃) ဦး၊ နော်ဝေမှ (၄) ဦး၊ အီဂျစ်မှ (၁) ဦး၊ ဆွစ်ဇာလန်မှ (၁) ဦး၊ အီတလီမှ (၄) ဦး၊ အမေရိကန်မှ (၄) ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၈၅) ဦး တို့ စီးနင်းလိုက်ပါသွားသည်။
၃။ အဆိုပါခရီးစဉ်၌ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
#Ministry of Foreign Affairs Myanmar


