ကောလင်း၊ ၂၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ မင်းတဲကြီးရပ်ကွက် တောင်သူ ဦးဇော်လွင်၏ ဧရာမင်း စပါးမျိုး သိုလှောင်ထားရှိသည့်နေရာ၌ စပါးသီးနှံ အရည်အသွေး မကျဆင်းစေရေးနှင့် သိုလှောင်ချိန်၌ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျော့ကျစေရေးအတွက် သိုလှောင်သီးနှံ(ဧရာမင်း) စပါးမျိုးစေ့များအား သီးနှံ အစိုဓာတ်တိုင်း ကိရိယာ (Kett Moisture Tester) Riceter fg- 512 နှင့် (Grain Moisture meter) တို့ဖြင့် အစိုဓာတ်တိုင်းတာပေးသည့် လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
လက်တွေ့သရုပ်ပြသရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းသိန်း၊ ခရိုင်မျိုးစေ့ တာဝန်ခံ ဒေါ်ကြင်စန်းနှင့် မြို့နယ်ဦးစီးမှူး ဦးလှမြင့်တို့က ဦးဆောင်၍ ခရိုင်၊ မြို့နယ် ဝန်ထမ်းအဖွဲ့များနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


