လှိုင်းဘွဲ ၊ ၂၇ ဇန်နဝါရီ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ပထမ(၃)လပတ်( MCCT )အကျိုးခံစားခွင့်ရှိသူများ ထောက်ပံ့ငွေပေးအပ်ခြင်းကို ဇန်နဝါရီ ၂၆ ရက်က ထီလုံကျေးရွာနှင့် သပုထိုကျေးရွာ၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်၊ ဗအိုးဝ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမ(၃)လပတ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက် အကျိုးခံစားခွင့်ရှိသော ထီလုံကျေးရွာမှ အကျိုးခံစားခွင့်ရှိသူ ကလေး(၂၆၃)ဦး၊ မိခင်(၆၆)ဦး၊ သပုထိုကျေးရွာမှ ကလေး(၄၅)ဦး၊မိခင်(၁၅)ဦး တို့ကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပထမ(၃)လပတ်အတွက် MCCT အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင် မိခင်(၁၄၇၉)ဦး၊ ကလေး(၆၃၈၈)ဦး၊ ပိုင်ကျုံမြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၉၂၀)၊ ကလေး(၃၃၁၄)ဦးနှင့် ရှမ်းရွာသစ်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၂၅၆)ဦး၊ ကလေး(၁၀၅၉)ဦး စုစုပေါင်း ကိုယ်ဝန်ဆောင် မိခင်(၂၆၅၅)ဦးနှင့် ကလေး(၁၀၇၆၁)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၅၇၆၅၇၀၀၀၀ တို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


