နတ်မောက်၊ ၂၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စက်ရေတွင်းပြင်သင်တန်းများအား မြေပြင်ကွင်းဆင်း လက်တွေ့သင်ကြားမှုများကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီခန့်က အုတ်ဖိုကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
ညောင်ကျပ္ပင်ကျေးရွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးနေသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုစက်ရေတွင်းပြုပြင်ခြင်းသင်တန်းမှ လက်တွေ့မြေပြင် ကွင်းဆင်းသင်ကြားမှုများကို အုတ်ဖိုကျေးရွာရှိ (Submersible pump) တွင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ဦးစီးမှူး ဦးဝင်းသူရမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတက်ရောက်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာပြီး မိသားစုဝင်ငွေလည်း ရရှိလာမည်ဖြစ်ပြီး ရေရှာပါးသောကျေးရွာများသည် စက်ရေတွင်းကို အများဆုံးအသုံး ပြုရခြင်းဖြစ်သောကြောင့် များစွာအထောက်အကူပြုကြောင်း သင်တန်းသားတစ်ဦးမှ ပြောကြားခဲ့သည်။
သင်းသင်းဝေ (နတ်မောက်)


