ကျောက်တလုံးကြီး၊ ၂၇ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက နောင်ခဲကျေးရွာတွင် ဆောင်ရွက်ကြသည်။
အခမ်းအနားတွင် ကျောက်တလုံးကြီးမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးခွန်သားငယ်က ပြည်သူများ မီးအသုံးပြုရာတွင် ပေါ့လျော့စွာ အသုံးမပြုဘဲ စနစ်တကျအသုံးပြုရန်၊ မီးကြိုတင်ကာကွယ် တားဆီးရေးအနေဖြင့် အိမ်တိုင်း မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးငြှိမ်းသတ်ရေးအနေဖြင့် မီးလောင်မှုဖြစ်ပွားလာပါက သက်ဆိုင်ရာအနီးဆုံး မီးသတ်စခန်းသို့ ဆက်သွယ် ၍ အချက်ပေးမီးလှန့်သံချောင်း ခေါက်ကာ မီးကူးစက်ပြန့်ပွားမှုမရှိအောင် ရေကို စနစ်တကျ အသုံးပြုရန် စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောသည်။
ထို့နောက် ကျောက်တလုံးကြီးမြို့ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နည်း အမျိုးမျိုးကို လက်တွေ့သရုပ်ပြပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲသို့ နောင်ခဲကျေးရွာအုပ်စု လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ ဝန်ထမ်းများ၊ နောင်ခဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ ၃၀ ခန့် တတ်ရောက် ကြသည်။
မြဝင်း(ပြန်/ဆက်)


