ဖာပွန်၊   ၂၇  ဇန်နဝါရီ

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ညမီးပေးချိန်များအား ပြင်ဆင် မည်ဖြစ်ကြောင်းသိရှိရသည်။

ဖာပွန်မြို့တွင် ယခင်က မီးပေးချိန်အားညနေ ၅ နာရီ ၄၅ မိနစ်မှ ၁၀ နာရီ ၄၅ မိနစ်အထိ မီးပေးခဲ့ပြီး ရာသီဥတု ပြောင်းလဲလာမှုကြောင့် ညနေ ၆ နာရီခန့်တွင် အလင်းရောင်ပျောက်ကွယ်သည့်အတွက် ဇန်နဝါရီ ၂၇ ရက်နေ့မှစ၍ မီးပေးချိန်အား ညနေ ၆ နာရီမှ ၁၁ နာရီအထိ စုစုပေါင်း ၅ နာရီအား ပြင်ဆင်၍ ပြန်လည်မီးပေးမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရှိရသည်။

စိုင်းကျော်ဝဏ္ဏ၊စောအောင်မျိုးလွင်(ပြန်/ဆက်)