ကော့ကရိတ်၊ ၂၇ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဌာနမှ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အသေးစား/အလတ်စား လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပို့ချခြင်းကို ပြုလုပ်သည်။
အခမ်းအနားတွင် ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က အသေးစား/အလတ်စား လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိရမည့်အချက်များ၊ ချေးငွေ ထုတ်ယူရာတွင် သိသင့်သိထိုက်သည့် အချက်များကို ပြောကြားပြီး လုပ်ငန်းလိုင်စင် ပြုလုပ်ထားပါက ရရှိမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ တက်ရောက် လာကြသူများက သိလို သည်များကို မေးမြန်း၍ ပြန်လည်ဖြေကြား ဆွေးနွေးပို့ချခြင်းများ ဆောင်ရွက်သည်။ အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၂၉ ဦး တက်ရောက်ကြသည်။
ခရိုင်(ပြန်/ဆက်)


