၂၇ ဇန်နဝါရီ

 

 

ဗြိတိန်နိုင်ငံသည် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ဦးရေ ၁၀၀၀၀၀ ကျော် ရှိလာသဖြင့် ဉရောပတွင် ပထမဆုံးသော နိုင်ငံ ဖြစ်လာသည်။

 

 

ယမန်နေ့က ၁၆၃၁ ဦး ထပ်မံ သေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၁၀၀၁၆၂ ဦး အထိရှိလာကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

 

 

ဒီဇင်ဘာလမှ စတင်ကာ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားခဲ့ရာ ယခုလ အစောပိုင်းအတွင်း ရောဂါကူးစက်ခံရသူ   ၆၀၀၀၀ ကျော် ရှိလာသည်။

 

 

ဗြိတိန်နိုင်ငံတွင် နေ့စဉ် ရောဂါကူးစက်မှုနှုန်း လျော့နည်းလာသော်လည်း ဆေးရုံတက် ကုသသူ အရေအတွက်နှင့် သေဆုံးသူ ဦးရေသည် ပြီးခဲ့သည့် နွေဦးရာသီ ရောဂါကူးစက်မှု ပထမလှိုင်းကထက် ပိုမိုများပြားခဲ့သည်။

 

 

ဆေးဘက်ဆိုင်ရာ အကြီးအကဲ ခရစ်ဝစ်တီက ယင်းရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ သိသိသာသာ ကျဆင်းခြင်း မပြုမီ အချိန်ယူ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်း၏ အမြင်ကို ပြောကြားခဲ့သည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

mdn