ထီးချိုင့်၊ ၂၇  ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းလုပ်ငန်းကိုဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ စတင်ထိုးနှံခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း တာဝန်ထမ်းဆောင်နေသော မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်း (၇၅)ဦး၊ မြို့နယ်ကုသရေးဝန်ထမ်း (၉၅)ဦး၊ မြို့နယ်တိုင်းရေင်းဆေးရုံမှ ဝန်ထမ်း (၉)ဦးနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး စုစုပေါင်း (၁၈၂)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရဲလင်းထွန်း ( ထီးချိုင့် )