သံတောင်ကြီး၊  ၂၇  ဇန်နဝါရီ

 

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်  အားလျော်စွာ ဒေသခံ ပြည်သူများသည် အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်လျက်ရှိရာ ကော်ဖီ စိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီသီးများ အထွက်နှုန်း ကောင်းလျက်ရှိကြောင်း ကော်ဖီစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

 

ကော်ဖီပင်များ  စနစ်တကျစိုက်ပျိုးနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်စေရန်အတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီစိုက်တောင်သူများအား ဆွတ်ခူးချိန် နည်းလမ်းမှန်ကန်စေရန်၊ ကော်ဖီ စိုက်ပျိုးနိုင်မှုမြှင့်တင်စေရန်၊ မျိုးကောင်းမျိုးသန့်များ  ရွေးချယ်စိုက်ပျိုးနိုင်ရန်အတွက် အသိပညာပေး ဟောပြောခြင်းနှင့် နည်းပညာများအား လက်တွေ့သရုပ်ပြခြင်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သံတောင်ကြီးမြို့နယ်၌ ကော်ဖီပင်များစိုက်ပျိုးရာတွင် သဘာဝမြေဩဇာကို အသုံးပြုလျက်ရှိကြောင်း၊ ကော်ဖီသီးများအခြောက်လှန်း၍ အခွံချွတ်ခြောက် တစ်ပိဿာ ကျပ် ၄၀ဝ၀ မှ ၅၀ဝ၀ အထိရရှိပြီး စိုက်ပျိုးထုတ်လုပ်သည့်ကော်ဖီများကို ရင့်မှည့်ချိန်တွင်သာ ဆွတ်ခူးခြင်းဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)