ရှမ်းရွာသစ်၊   ၂၇   ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၆၉ ဦးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနမှ လူမှုရေးပင်စင် ထောက်ပံ့ငွေ  တစ်ဦးလျှင် ငွေကျပ် ၁၀ဝ၀ဝ နှုန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ (ပထမ) (၃)လပတ်အတွက် ငွေကျပ် ၃၀ဝ၀ဝ စီအား ယနေ့နံနက် ၁၀ နာရီက ရှမ်းရွာသစ်မြို့ပေါ် အမှတ်(၁)ရပ်ကွက်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရှမ်းရွာသစ်မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုတို့တွင် လူမှုရေးပင်စင်ရရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၄၂ဦး၊ စုစုပေါင်း ၆၉ ဦးရှိပြီး တစ်လလျှင် ငွေကျပ် ၁၀ဝ၀ဝ နှုန်းဖြင့် ၃ လစာအတွက် စုစုပေါင်း ငွေကျပ် ၂၀၇၀ဝ၀ဝ ကို သက်ကြီးဘိုးဘွားများ မကျန်ရှိစေရေးအတွက် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဝေဠု(ပြန်/ဆက်)