သံတွဲ ၊ ၂၇ ဇန်နဝါရီ
သံတွဲမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီမှစတင်၍ သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေး ခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။
ပထမအကြိမ်တွင် ကျန်းမာရေးဝန်ထမ်း ၃၂၉ ဦးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမနေ့တွင် ဝန်ထမ်း ၉၀ ကို စတင်ထိုးပေးလျက်ရှိသည်။ ထို့နောက် ဒုတိယအကြိမ် ထိုးနှံခြင်းကို ၄ ပတ်သို့မဟုတ် ၁၂ ပတ်ကြားတွင် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သံတွဲခရိုင်ဆရာဝန်ကြီး ဒေါက်တာ ထွန်းထွန်းဝင်းက ပြောကြားသည်။
အဆိုပါ ကာကွယ်ဆေးထိုးသည့် ကျန်းမာရေး ဝန်ထမ်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် ဆန်းကျော် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သန်းလွင်တို့က သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းကို ရခိုင်တစ်ပြည်နယ်လုံးတွင် ဇန်နဝါရီ ၂၇ ရက်နံနက် ၉ နာရီမှစတင်၍ တစ်ပြိုင်တည်း ထိုးပေးလျက်ရှိကြောင်း ခရိုင်ဆရာဝန်ကြီးထံမှ သိရသည်။
ခရိုင်ပြန်/ဆက်


