လောင်းလုံး၊ ၂၇ ဇန်နဝါရီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၆ နာရီခွဲက လောင်းလုံးမြို့ ပြည်သူ့ဆေးရုံ၌ ပြုလုပ်သည်။
ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို လောင်းလုံးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် တိုင်းရင်းဆေးဝန်ထမ်းများ၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၁၇၁ ဦးအား ထိုးနှံပေးမည်ဖြစ်၍ အပိုဆေးများကို ဆေးရုံတွင် ကူညီပေးသော ပရဟိတ အဖွဲ့များအား ထိုးနှံပေးသွားမည်ဖြစ်သည်။ လောင်းလုံးမြို့နယ်အတွက် ဆေးလုံးရေ ၁၉ လုံးရရှိပြီး ဆေးတစ်လုံးလျှင် လူ ၁၀ ဦး ထိုးနှံနိုင်ကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာ မင်းညွန့်ဝင်းထံမှ သိရသည်။
သိန်းသိန်း(ပြန်/ဆက်)


