မန္တလေး၊ ၂၇ ဇန်နဝါရီ
မြန်မာနိုင်ငံသစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP)မှ “အော်ဂဲနစ်သီးနှံနှင့် ပြည်သူ့ကျန်းမာရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ ရက်(စနေနေ့)တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ အော်ဂဲနစ် ရေးရာကော်မတီ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလှအောင်က ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်သည်။
ဆွေးနွေးမည့်အကြောင်းအရာများမှာ အော်ဂဲနစ်စနစ်၏ ထူးခြားချက်များ၊ အော်ဂဲနစ်သီးနှံများ၏ အာဟာရဆိုင်ရာထူးခြားချက်များ၊ အော်ဂဲနစ်သီးနှံများကိုစားသုံးမှုနှင့်ပြည်သူ့ကျန်းမာရေး တိုးတက် ကောင်းမွန်မှု၊ လက်ရှိစိုက်ပျိုးမွေးမြူရေးစနစ်၏နောက်ဆက်တွဲဆိုးကျိုးများနှင့် ပြည်သူ့ကျန်းမာရေး အစရှိသည်တို့ ပါဝင်ကြောင်း သိရသည်။
"အော်ဂဲနစ်သီးနှံနှင့် ပြည်သူ့ကျန်းမာရေး ဆွေးနွေးပွဲ" သို့ ပါဝင်တက်ရောက်လိုသူများအနေဖြင့် ဆွေးနွေးပွဲတက်ရောက်ရန် Zoom Meeting Link မှာ - Webinar ID 864 0664 6341, Passcode 218251 ဖြစ်သည်။
မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှ ထုတ်ဝေလျက်ရှိသော "ဖူးပွင့်ဝေမဂ္ဂဇင်း" ၏ ပင်တိုင်ဆောင်းပါးရှင် ဝါရင့်ဆရာကြီးများ၊ သုတေသီပညာရှင်များ နှင့်အတွေ့ကြုံရင့် ကျွမ်းကျင်ပုဂ္ဂိုလ်များမှ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ ဗဟုသတများနှင့် စိုက်ပျိုးသူနှင့် စားသုံးသူအသိပညာပေးခြင်းဆိုင်ရာ အကြောင်းအရာများကို အပတ်စဉ် စနေနေ့ မွန်းလွဲ (၁) နာရီတွင် ကျင်းပပြုလုပ်လျက်ရှိသည်။
နန်းထက်ထက်ချစ်


