ကလိန်အောင်၊ ၂၇  ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြည်သူ့ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများသည် ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက ရေဖြူမြို့နယ် စုရပ်၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး သွားရောက်ထိုးနှံပေးကြောင်း သိရသည်။

 

"ကျွန်တော်တို့က မြို့အဆင့်ဆိုတော့ ဒီက ကျန်းမာရေးဝန်ထမ်းအားလုံးက ရေဖြူမြို့နယ် ဆေးရုံကြီးမှာ သွားရောက်ထိုးကြပါတယ်၊ အခုဒီနေ့ဆို ခုနစ်ဦး ဆေးထိုးပြီးပါပြီ။ နောက်နေ့ကျရင် မြို့အတွင်းရှိ ကျန်းမာရေးဌာနက ဆရာ၊ ဆရာမတွေကို ရေဖြူမြို့နယ် ခုတင်-၅၀ စုရပ်မှာ သတ်မှတ်ရက် အလိုက် အလှည့်ကျ ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်”ဟု ကလိန်အောင်မြို့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

 

ဒေါ်မိုးမိုးခိုင်(ပြန်/ဆက်)