မြိုင်၊ ၂၇ ဇန်နဝါရီ        

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂) ကုန်စိမ်းဈေး ဖွင့်လှစ်ရောင်းချနိုင်ရန် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းမှာ ဇန်နဝါရီ ၂ ရက်တွင် ၈၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

မြိုင်မြို့ စည်ပင်သာယာဈေးတွင် ကုန်စိမ်းဈေး သီးသန့်ဖွင့်လှစ်ရောင်းချနိုင်ရန်အတွက် တည်ဆောက်ဆဲ ဖြစ်သော အမှတ်(၂) ကုန်စိမ်းဈေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မကွေးတိုင်းဒေသကြီး
အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၁၃၈၀၀၀၀ ဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်
ဌာနဆိုင်ရာများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ဈေးကော်မတီအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်
ခြင်းဖြစ်သည်။ ဈေးဧရိယာ အကျယ် ပေ (၂၀၀  X ၁၅၀) အား ကွန်ကရစ်အထူ ၄ လက်မ၊ ဈေးအဝင်လမ်း ပေ(၃၀၀ X ၁၂) အား ကွန်ကရစ်အထူ ၆ လက်မဖြင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ
ကို ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဟန်မြင့်၏ ပြောကြားချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)